လှိုင်သာယာ(အရှေ့ပိုင်း) ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ရပ်ကွက်၊ ကျေးရွာအတွင်းရှိ မဲရုံများသို့ ယမန်နေ့ညပိုင်း၌ တာ၀န်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် အမှတ်(၁)ရပ်ကွက်အတွင်းရှိ မြေတိုင်း (၁၂) ဗိုလ်ချုပ်လမ်းရှိ ရွှေစေတီဓမ္မာရုံ၊ မြေတိုင်း(၁၂)ကနောင်လမ်းရှိစိမ်းလဲ့ကန်သာဓမ္မာရုံ၊ မြေတိုင်း (၁၁)ဗိုလ်စိန်မှန်လမ်းရှိ ရွှေပါရမီဓမ္မာရုံနှင့် မြေတိုင်း(၁၀)တောင်ငူလမ်းရှိ အ-မ-က(၄၂)ကျောင်းရှိ မဲရုံများ၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၁၅)ရပ်ကွက်တို့ရှိ မဲရုံများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးမြသောင်းနှင့်အဖွဲ့၀င်များ၊ ရပ်ကွက်၊ ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်တို့မှ လိုက်လံစစ်ဆေးဆောင်ရွက်၍ လိုအပ်သည်များ မှာကြားလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)