ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် လူငယ်စာဖတ်ဝိုင်းကျင်းပ

ကွမ်းခြံကုန်း ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် ပူးပေါင်း၍ စာရေးဆရာ‌ ဒဂုန်တာရာရေးသားသော လူငယ်နှင့် ယဉ်ကျေးမှုစာအုပ်ဖြင့် ယမန်နေ့က လူငယ်စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ မမေသဇင်က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်မှ ကျွန်မတို့မြန်မာတွေဟာ ယဉ်ကျေးမှုအစဉ်အလာကောင်းတဲ့ လူမျိုးဖြစ်ပါတယ်အကြောင်းအရာအားလည်းကာင်း၊ မောင်ပြည့်စုံဦးက ယဉ်ကျေးမှုတန်ဖိုးခေါင်းစဉ်မှ လူ့ယဉ်ကျေးမှုဟာ သက်ဆိုင်ရာခေတ်ရဲ့ အာဏာပိုင်တွေအပေါ် ဩဇာညောင်းတဲ့ အတွေးအခေါ်၊ ဘာသာရေးနဲ့ အာဏာပိုင်တွေ အလိုကျပွင့်ဖူးခဲ့ရတယ် အကြောင်းအရာအားလည်းကောင်း တက်ရောက်လာသော စာပေချစ်သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)