ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲများ ကျင်းပ

 

ကွမ်းခြံကုန်း ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲ ယ‌မန်‌နေ့က ကျွန်းချောင်းကျေးရွာ အ-မ-က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ‌ ဒေါ်နန့်ဆွေနွယ်ဦးက ဗလငါးတန်ပြည့်ဝသည့် လူငယ်များ ဖြစ်ပေါ်လာစေရန်နှင့် စာဖတ်သည့် အလေ့အထဖြစ်ပေါ်လာစေရန် စသည့်အကြောင်းအရာများအားလည်‌ကောင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနက မြန်မာ့တိုင်းရင်းဆေးအကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲကျင်းပရာ ဆုရရှိသူ ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းသား/သူများက စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ဖတ်ရူကြပြီး ပြသထားသော နံရံကပ်စာစောင်များ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)