ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများ စစ်ဆေး

ကျောက်တန်း ဇန်န၀ါရီ ၁၅

ကျောက်တန်းမြို့နယ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ Regency SPC စက်သုံးဆီသိုလှောင်ကန်၏ မီးဘေးလုံခြုရေးအတွက်ဆောင်ရွက်ထားရှိမှုကို ယမန်​နေ့ ညနေပိုင်းက ကျောက်တန်းမြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်ကျော်ဝင်းနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့သည်၊၊

အဆိုပါဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်‌ဆေးဆောင်ရွက်ခဲ့ရာတွင် Nozzle များအား ခေတ်မီ 3D Nozzle များဖြင့် လဲလှယ်ဆောင်ရွက်ထားရှိရန်၊ Jockey Pump အား အမြန်ဆုံးတပ်ဆင်ထားရှိရန်၊ Fire Pump ရှိ Battery များအား အသစ်တပ်ဆင်ထားရှိရန် အားနည်းချက်များအား အမြန်ပြုပြင်ဆောင်ရွက်သွားရန်တို့ကို စနစ်တကျစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်/ဆက်)