သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ (ဆဋ္ဌမအကြိမ်) ကျောင်းတွင်းအာဟာရ (School Meal) ကျွေးမွေး

သာပေါင်း ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း (School Meal) အစီအစဥ်ကို (ဆဋ္ဌမအကြိမ်)မြောက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များဖြစ်သည့် လက်ကိုစနစ်တကျဆေးခြင်း၊ နည်းစနစ်မှန်စွာ သွားတိုက်ခြင်း၊ အာဟာရတန်ဖိုးမျှတစွာပါဝင်သော အစားအစာများရွေးချယ် စားသုံးတတ်လာစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်း (၂၂၆) ရှိပြီး ကျောင်းသား ၊ကျောင်းသူပေါင်း (၂၃၉၉) ဦးအား ကျောင်းတွင်း အသိပညာပေးအာဟာရ ကျွေးမွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး