လှိုင်သာယာ ဇန်နဝါရီ ၁၅
၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် MEVE မဲပေးစက်များကို စနစ်တကျကျွမ်းကျင်စွာကိုင်တွယ်နိုင်စေရန် Installing ပြုလုပ်လုပ်ခြင်းနှင့် လက်တွေ့ကိုင်တွယ်အသုံးပြုဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စုပေါင်းရုံးမြို့နယ်ခန်းမတွင် ပြုလုပ်သည်။
အဆိုပါ Installing ပြုလုပ်ဆောင်ရွက်ခြင်းနှင့် လက်တွေ့ကိုင်တွယ်အသုံးပြုဆောင်ရွက်ခြင်းသို့ အင်းစိန်ခရိုင် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခဒေါက်တာ အောင်မျိုးလွင်နှင့် နည်းပညာတက္ကသိုလ် ဆရာ/ဆရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးနိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းနိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်သန်းသန်းဌေးနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများ၊ ရွေးကောက်ပွဲဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူများ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်သန်သန်းဌေးက လိုအပ်သည်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် MEVM စက်ပိုင်းဆိုင်ရာ နည်းပညာတက္ကသိုလ် ဆရာ/ ဆရာမများက အပိုင်း (၃) ရွေးကောက်ပွဲတွင် မဲပေးစက်ကိုင်တွယ်ရမည့် ပညာရေးဝန်ထမ်းများအား စနစ်တကျကိုင်တွယ်အသုံးပြုနိုင်စေရန် စက်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များကို လက်တွေ့ပြသပေးကြသည်။
ယင်းနောက် MEVM မဲပေးစက်များ Installing ပြုလုပ်ခြင်းနှင့် လက်တွေ့ကိုင်တွယ်အသုံးပြုဆောင်ရွက်ခြင်းကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ၌ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ မဲရုံ (၁၀၃) ရုံတွင် တာဝန်ကျပညာရေးဝန်ထမ်း ဆရာ/ဆရာမများအား ၁၄- ၁ - ၂၀၂၆ ရက်နေ့မှ ၁၆ - ၁ - ၂၀၂၆ နေ့ထိ Installing ပြုလုပ်ခြင်းနှင့် လက်တွေ့ကိုင်တွယ်အသုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)