သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့်ပြည်သူများအား ရောဂါရှာဖွေ စမ်းသပ် ကာကွယ်ကုသပေးလျက်ရှိ

သာပေါင်း ဇန္နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့ ဇန္နဝါရီလ ၁၄ ရက်နေ့၊နံနက် ၉ နာရီအချိန်က အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ရောဂါရှာဖွေ စမ်းသပ်ကာကွယ်ကုသပေးလျက်ရှိသည်။

ထိုသို့ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့်ပြည်သူများအား မကူးစက်နိုင်သော ရောဂါများဖြစ်သည့် သွေးတိုးရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ နှလုံးရောဂါရှာဖွေ စမ်းသပ်ကာကွယ်ကုသခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းတို့က သာပေါင်းမြို့နယ်ဆေးရုံ NCD Clinic တွင် လာရောက်ပြသကြသော အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့်ပြည်သူများမှ သွေးတိုးရောဂါ (၄၉) ဦး၊ ဆီးချို‌ရောဂါ (၃၆) ဦး၊ နှလုံးရောဂါ (၉) ဦးနှင့်ပန်းနာရင်ကြပ်‌/နာတာရှည်အဆုတ်လေပြွန်ရောဂါ (၅) ဦးတို့ကို ကျန်းမာရေး စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးများ အခမဲ့ပေးကာ ကျန်းမာရေးပညာပေးမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သာပေါင်း (ပြန်/ဆက်)