မြစ်သား ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး မြို့ပေါ်ရပ်ကွက်များရှိမဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေကို မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် တာဝန်ရှိသူများသည် ရှမ်းပွဲရပ်ကွက်ရှိ မြို့မအခြေခံပညာအထက်တန်းကျောင်း၊ ရွှေသူဌေးရပ်ကွက်ရှိ အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူ ရေးအထက်တန်းကျောင်း၊ ဘူတာရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၊ မြို့မအနောက်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၊ မင်းကုန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် မြို့မအရှေ့ရပ်ကွက်ရှိ ကျီတော်ကုန်းအခြေခံပညာမူလတန်းလွန်ကျောင်းတို့တွင် မဲရုံအဖြစ်ကျင်းပမည့် စာသင်ကျောင်းများ၌ ကြိုတင်ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဝါဝါမြင့်(မြစ်သား)