တောင်သာမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း

တောင်သာ ဇန်နဝါရီ ၁၆

မန္တလေးတိုင်ဒေသကြီး၊ တောင်သာမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့နံနက် ၁၀ နာရီက  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌  ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးကြရန်၊ ဝန်ထမ်းများ အဆင်ပြေစွာမဲပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန်၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ မြေပြင်ကွင်းဆင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ပြုံးကြည်က ကြိုတင်မဲပေးကြမည့် စာရင်းများ စနစ်တကျပြုစုဆောင်ရွက်ထားမှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)