ပုလော ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အဖြစ် ဇန်နဝါရီ (၂၅)ရက်တွင် ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအကူများ၊ နိုင်ငံ့တာဝန်ဖြင့် ခရီးသွားရန်ရှိသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ပုလောမြို့နယ်ခန်းမ၌ ဇန်နဝါရီ ၁၅ ရက် နံနက်(၉) နာရီက ဆောင်ရွက်သည်။
မဲရုံတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများ ဖြစ်သည့် ဆရာ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တာဝန်ကျရာနေရာများသို့ သွားရောက်တာဝန်မထမ်းဆောင်မီ မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ဆန္ဒမဲများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဆန္ဒမဲပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီး မဲစာရင်းတွင်ပါရှိသည့် မိမိဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ ၏ ကြိုတင်မဲများကို ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးအေးမော် (ပုလော)