ပလောက် ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၂၅)ရက်တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအကူများ၊ နိုင်ငံ့တာဝန်ဖြင့် ခရီးသွားရန်ရှိသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၅ ရက်နံနက်(၇)နာရီက အမှတ် (၁)ရပ်ကွက်ရှိ မြို့မ ဘောလုံးအားကစားကွင်း၌ စတင်ဆောင်ရွက်သည်။
ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများဖြစ်သည့် ဆရာ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် မိမိတို့တာဝန်ကျရာနေရာများသို့ သွားရောက်တာဝန်မထမ်းဆောင်မီ ဆန္ဒမဲပေးနိုင်ရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဆောင်ရွက်ထားရှိပြီး မဲစာရင်းတွင်ပါရှိသည့် မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲများကို ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးမှုများကို ဆောင်ရွက်လျက်ရှိသည်။
ပလောက်(ပြန်/ဆက်)