မြိတ်မြို့၌ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော

မြိတ်    ဇန်န၀ါရီ    ၁၆

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့က အမှတ်(၆)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မေဇင်ဦးက ကျောင်းသား/ကျောင်းသူများအား (၇၉)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် ပြည်‌ထောင်စုစိတ်ဓာတ် မျိုးချစ်စိတ်ရှင်သန်ခိုင်မာရေးနှင့် အမျိုးဂုဏ်ဇာတိ‌ဂုဏ်ကို အစဉ်ထာဝရထိန်းသိမ်းကာကွယ်‌ စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက လူငယ်နှင့်စာရိတ္တအကြောင်းကို အသိပညာပေးပြောကြားပြီး ခရိုင်ရုံးဝန်ထမ်းများက အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်