ပျော်ဘွယ်မြို့နယ် ဂွေးဇီးကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၁

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေး၊ စာပေဗဟုသုတ လေ့လာမှုတွင် ပိုမိုအားကောင်းလာစေရေးရည်ရွယ်သည့် လူငယ်စကားဝိုင်းကို ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီက ဂွေးဇီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက လူငယ်များ  အသိဉာဏ်ဖွံ့ဖြိုးတိုးစေရန်အတွက် စာပေဗဟုသုတလေ့လာရန်၊ ယဉ်ကျေးချိုသာစွာဖြင့် ပြောဆိုတတ်စေရန်လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး G-7 ကျောင်းသား၊ ကျောင်းသူနှစ်ဦးနှင့် G-8 ကျောင်းသား၊ ကျောင်းသူနှစ်ဦးတို့က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဆွေးနွေးသည်။

ဆွေးနွေးပြီးနောက် ကျောင်းသား၊ ကျောင်းသူများက  နံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး စာအုပ်စာစောင်များကို လေ့လာကြည့်ရှုကြသည်။

မင်းမင်းထွေး(ပျော်ဘွယ်)