မြစ်သားမြို့နယ်အတွင်းရှိ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်အနီး မီးဘေးလုံခြုံ‌ရေးစစ်ဆေးဆောင်ရွက်

မြစ်သား ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ မဲရုံများနှင့်မဲရုံပတ်ဝန်းကျင်အနီး မီးလောင်မှုနှင့်မီးလန့်မှုများမဖြစ်ပွား စေရေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ဇန်နဝါရီ ၁၆ ရက်နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ စစ်ဆေး‌ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းကျော် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ကျ ဆရာ၊ ဆရာမများအား မီးသတ်‌ဆေးဘူးအသုံးပြုနည်းများ ရှင်းလင်းပြသ ခြင်းနှင့် မီးဘေးလုံခြုံ‌‌ရေးဆိုင်ရာ အကြံပြုချက်များကို အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)