ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ဂန့်ဂေါ ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ) ပုံညာခန်းမ၌ ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းကော်မတီဝင်များ၊ ခရိုင်/မြို့နယ်တာဝန်ခံပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားတွင် ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမိန့်ခွန်းပြောကြားပြီး တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်ဝင်းက ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအားကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)မှ ကျောင်းအကျိုးတော်ဆောင်များဖြစ်ကြသည့် ဦးဇော်မိုးလှိုင်နှင့် ဦးအောင်စိုးမင်းတို့က ဂန့်ဂေါမြို့နယ် တက္ကသိုလ်ဝင်တန်းအောင်ချက် မြင့်မားရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ကြမည့်အကြောင်းများကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပညာရေးပဒေသာပင်ပံ့ပိုးငွေပေးအပ်ခြင်းအခမ်းအနားကို ကျင်းပရာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်မှ တစ်သိန်းကျပ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်မှ တစ်သိန်းကျပ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းမှ နှစ်သိန်းကျပ်နှင့် အ.ထ.က (ဂန့်ဂေါ) ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ တစ်သိန်းကျပ်၊ စုစုပေါင်း ငါးသိန်းကျပ်ကို မတည်လှူဒါန်းကြရာ အဆိုပါပညာရေးပဒေသာပင်ပံ့ပိုးငွေများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်မှပေးအပ်ရာ တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်ဝင်းက လက်ခံရယူခဲ့သည်။

ယင်းနောက်အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ဂန့်ဂေါမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသား/ကျောင်းသူများ၏ အားနည်းသောဘာသာရပ်ဖြစ်သည့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်အား စာစစ်ဦးစီးဌာနမှချမှတ်ထားသည့် အမှတ်ပေးစည်းမျဉ်းနှင့်အညီ ဖြေဆိုနည်းများအား အ.ထ.က (မြို့မ)ကျောင်းမှ အထက်တန်းပြ (အင်္ဂလိပ်) ဆရာမ ဒေါ်ခင်စောဝင်းနှင့် အ.ထ.က(ဂန့်ဂေါ)ကျောင်းမှ အထက်တန်းပြ(သင်္ချာ)ဆရာမ ဒေါ်စိုးမိုးအေးတို့က အသီးသီးရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မောင်မျိုးမင်း