ချမ်းအေးသာစံမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်မှုများ ပြုလုပ်

ချမ်းအေးသာစံ ဇန်နဝါရီ ၁၆

ချမ်းအေးသာစံမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးညီထွေးဦးက ဦးဆောင်ကာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်မှုများကို ဒေးဝန်းအနောက်ရပ်ကွက်၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှူးဦးစီးဌာန၌ ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက  ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ချမ်းအေးသာစံမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးညီထွေးဦးက ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှူးဦးစီးဌာနမှ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကာ မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်မှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်မှုအခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးညီထွေးဦးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှူးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ပြန်/ဆက်)