မြင်းခြံ ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ကျောင်းသား၊ ကျောင်းသူများ ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တ ကောင်းမွန်ခြင်းနှင့် စည်းကမ်းပြည့်ဝသူများ လေ့ကျင့်ပျိုးထောင်ရန်ရည်ရွယ်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ရေး အဖွဲ့မှ ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့ နံနက် ၇ နာရီက မြင်းခြံမြို့ မြို့မအားကစားကွင်း၌ ကျင်းပသည်။
ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို ကျောင်းသား၊ ကျောင်းသူ Grade-9 (၃) ဦး၊ Grade -10 (၄) ဦး၊ Grade-11 (၄) ဦး၊ Grade-12 (၁) ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၂) ဦးတို့အား ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေး ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)