ကျောက်ပန်းတောင်းမြို့၌ မီးဘေးလုံခြုံရေးနှင့်ကြိုတင်ကာကွယ်ရေး   စစ်ဆေး

ကျောက်ပန်တောင်း ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ဇန်နဝါရီ ၁၆ ရက်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံးခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး၊ ပညာပေးခြင်းများကို ဘူတာရပ်ကွက်တွင် ဆောင်ရွက်သည်။

မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းမြင့်နှင့်တပ်ဖွဲ့ဝင်များက မီးဘေးကာကွယ်ရေးအတွက် အိမ်ထောင်စု ၈၇ စုမှ အိမ်ထောင်ဦးစီးများနှင့်တွေ့ဆုံ၍ အရေးပေါ်မီးလန့်မှု/ မီးလောင်မှုဖြစ်ပေါ်လာပါက ချက်ချင်းလုပ်ဆောင်ရမည့် နည်းလမ်းများ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို အသိပညာပေး ရှင်းလင်းပြောကြားသည်။ ယင်းနောက် ထင်းမီးသုံးစွဲသူများအနေဖြင့် မီးကြွင်းမီးကျန်များ သတိပြု ငြှိမ်းသတ်ရေးနှင့် လျှပ်စစ်မီးသုံးစွဲသူများအနေဖြင့် ဟောင်းနွမ်းဆွေးမြေ့နေသည့် လျှပ်စစ်ဝိုင်ယာကြိုးများ အသစ်လဲလှယ်တတ်ဆင် အသုံးပြုရေး၊ မီးပျက်ပါကပလပ်ခုံများတွင် ချိတ်ဆက်ထားသည့် မီးပလပ်ကြိုးများကို ဦးစွာဖြုတ်ထားရန်တို့ကို အကြံပြုဆွေးနွေး၍ သတိပေးခဲ့ပြီး ရပ်ကွက်တွင်းလမ်းများတွင် မီးသတ်ကား ဝင်/ထွက်သွားလာနိုင်စေရန်နှင့် သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ၊ ဝိုင်ဖိုင်ကြိုးများ ကားတစ်စီးစာလွတ်ကင်းအောင် ဆောင်ရွက်ထားရှိရေးတို့ကို ရပ်ကွက်တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)