ဇလွန် ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဟင်္သာတခရိုင်ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ညွှန်ကြားချက်ဖြင့် ဇလွန်မြို့နယ် ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖွဲ့စည်းထားရှိသော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာနည်းပညာ အထောက် အကူပြုအဖွဲ့များ၊မဲရုံတွင်တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်သူများအား ဇလွန်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် အပိုင်း(၃)ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ အားတပ်ဆင်ခြင်း ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက်၉ နာရီမှစတင်၍ မွန်းလွဲ ၄ နာရီအထိ မြို့နယ်ပြည်သူ့အားကစားခန်းမတွင်ဆက်လက် ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအားတပ်ဆင်ခြင်းဆင့်ပွားသင်တန်းတွင် နည်းပညာဆရာဗိုလ်ကြီးဖြိုးနေပိုင်က မဲပေးစက်၏ဖွဲ့စည်းတည်ဆောက်ပုံ၊ MEVM စက်ဖြင့်စမ်းသပ်မဲပေးမှု အဆင့်ဆင့်လုပ်ငန်းစဉ်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ နည်းပညာဆိုင်ရာအခက်အခဲ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီဖြေရှင်းဆောင် ရွက်ရမည့်နည်းလမ်းများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်အသုံးပြုပုံ ကို ရှင်းလင်းပြသခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာနည်းပညာအထောက်အကူပြုအဖွဲ့အား အဖွဲ့များခွဲ၍ ဇလွန်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် အပိုင်း(၃) ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) ကို လက်တွေ့တပ်ဆင်အသုံးပြုခဲ့ကြသည်။
ရွေးကောက်ပွဲဆိုင်ရာ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား တပ်ဆင်ခြင်းဆင့်ပွားသင်တန်းတွင် ဇလွန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းကို (၁၆.၁.၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ
ဇလွန် (ပြန်/ဆက်)