လေးမျက်နှာမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကြိုတင်ဆန္ဒမဲများစတင်ပေး

လေးမျက်နှာ ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကြိုတင်ဆန္ဒမဲများကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ပေးခဲ့သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကြိုတင်ဆန္ဒမဲများကို မြို့နယ်အဆင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်၏ ကြီးကြပ်မှုဖြင့် လေးမျက်နှာမြို့နယ်အတွင်း သတ်မှတ်ထားသောနေရာများတွင် (၁၅-၁-၂၀၂၆)ရက်နေ့မှ (၂၄-၁-၂၀၂၆)ရက်နေ့ ညနေ(၄)နာရီအထိ ပေးနိုင်ရန်စီစဥ်ထားရှိပြီး ကြိုတင်ဆန္ဒမဲပေးသူများ လုံခြုံဘေးကင်းစွာဖြင့် အေးချမ်းပျော်ရွှင်စွာ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ လွတ်လပ်စွာဆန္ဒမဲများပေးခဲ့သည်။

လေးမျက်နှာမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်စေရန်၊ ပြည်သူများအနေဖြင့် လုံခြုံဘေးကင်းစွာ ဆန္ဒမဲပေးနိုင်စေရန် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ မြို့နယ်ကော်မရှင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် လုံခြုံရေးအဖွဲ့များပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)