လေးမျက်နှာ ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့ အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခန့်မွန်ဆွေနှင့် မဲရုံလုံခြုံရေးဆောင်ရွက်မည့် လုံခြုံရေးအဖွဲ့များတွေ့ဆုံခဲ့သည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခန့်မွန်ဆွေက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်ထားရှိမှုကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ယာယီရဲမှူးသန်းမင်းထက်က ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခန့်မွန်ဆွေက လိုအပ်သည်များကိုမှာကြားခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်စေရန်၊ ပြည်သူများအနေဖြင့် လုံခြုံဘေးကင်းစွာ ဆန္ဒမဲပေးနိုင်စေရန် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ မြို့နယ်ကော်မရှင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် လုံခြုံရေးအဖွဲ့များပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)