လေးမျက်နှာ ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ခရိုင်ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ညွှန်ကြားချက်ဖြင့် လေးမျက်နှာမြို့နယ် ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖွဲ့စည်းထားရှိသော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ နည်းပညာအထောက် အကူပြုအဖွဲ့များ၊ မဲရုံတွင်တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား Installation ပြုလုပ်ခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် လေးမျက်နှာမြို့ အမှတ်(၁)ရပ်ကွက် သံသရာငြိမ်းအေးကျောင်းတိုက် ပြည်ငြိမ်းအေးဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြု ဆင့်ပွားသင်တန်းတွင် မဲပေးစက်၏ဖွဲ့စည်းတည်ဆောက်ပုံ MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်လုပ်ငန်းစဉ်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ နည်းပညာဆိုင်ရာအခက်အခဲဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်အသုံးပြုပုံကို ရှင်းလင်းပြသခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့အား အဖွဲ့များခွဲ၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုလက်တွေ့တပ်ဆင်အသုံးပြုခဲ့သည်။
လေးမျက်နှာမြို့နယ်အနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက် ပြည်သူ့လွှတ်တော် ၈၄ လုံး၊ အမျိုးသားလွှတ်တော် ၈၄ လုံး၊ တိုင်းဒေသကြီး ၈၄ လုံး Installation ပြုလုပ်ရာ ပြည်သူ့လွှတ်တော်အတွက် လျာထားစက်အမှတ် SN-036130 သည် CU လောင်သည်ကိုတွေ့ရှိရပါသဖြင့် အရံမဲပေးစက် SN-036421 နှင့် အစားထိုးလဲလှယ်၍ Installation ဆောင်ရွက်ခဲ့ရာ ၂၅၂ လုံး ပြီးစီးပါကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)