လပွတ္တာ ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃) မိုင်မြို့၌ ယနေ့နံနက် ၉ နာရီအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပသည်။
ထိုအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်း၏ ကျောင်းအုပ် ဆရာမကြီး ဒေါက်တာဝတ်ရည်လှိုင်က ကြိုဆို/နှုတ်ဆက် စကားပြောကြားခြင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခြင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်း၏ ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ)ကျောင်း၏ ကျောင်းသား၊ ကျောင်းသူများကိုယ်စား တတိယနှစ် ကျောင်းသားတစ်ဦးက ကြိုဆို/နှုတ်ဆက် စကားပြောကြားခြင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်း၏ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ပထမနှစ် ကျောင်းသာတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)