ပန်းတနော် ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ခွေးရူးရောဂါကင်းစင်ရေးအတွက် တိုင်းဒေသကြီး၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ခွေးရူးရောဂါ ကာကွယ် ဆေးထိုးနှံခြင်းကို အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဇန်နဝါရီလ ၁၆ ရက်နေ့နံနက် ၁၀ နာရီအချိန်က ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင်ပန်းတနော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာသဲစုခိုင်နှင့်ဝန်ထမ်းများက ပန်းတနော်မြို့ ဒေသခံပြည်သူများမှ မွေးမြူထားသော ခွေးနှင့်ကြောင်များကိုလည်းကောင်း စုစုပေါင်း ခွေးကောင်ရေ (၁၄၃) ကောင်နှင့် ကြောင်(၇)ကောင်တို့ကို ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ထိုးနှံပေးခဲ့ပြီး “ခွေးရူးရောဂါ ကာကွယ်တားဆီးရေး” အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
“အခုလို ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးရတဲ့ ရည်ရွယ်ချက်ကတော့ ခွေးရူးရောဂါဟာ တိရစ္ဆာန်ကနေ လူကိုကူးစက်နိုင်တဲ့ အဓိကရောဂါဖြစ်ပြီး အသက်အန္တရာယ်ကိုပါ ဆုံးရှုံးစေနိုင်တဲ့အတွက် ပန်းတနော်မြို့နယ်အတွင်းမှာ ခွေးရူးရောဂါဖြစ်ပွားမှု လျော့ကျစေဖို့နဲ့ “ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ခွေးရူးရောဂါ ကင်းစင်ပပျောက်သွားဖို့ ရည်မှန်းပြီး ထိုးနှံပေးရခြင်းဖြစ်ပါတယ်”ဟုပန်းတနော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ သဲစုခိုင်က ပြောသည်။
မြို့နယ်(ပြန်/ဆက်)