ဇလွန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းကျုံရှစာဖြူစု၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ဇလွန် ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အား ကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းကို ဇန်နဝါနံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း​ ကျုံရှစာဖြူစု၌ ကျင်းပသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက  လူငယ်စကားဝိုင်းကျင်းပရခြင်း​၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကိုကျင်းပခဲ့ရာ Grade-10 မှ ကျောင်းသူမမေမြတ်မိုးက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မအိချိုဇင်က လူငယ်နှင့် မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ ကျောင်းသူ မချယ်ရီကိုက လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ ကျောင်းသား မောင်မင်းထက်ပိုင်က လူငယ် နှင့်အားကစားခါင်းစဉ်တို့ဖြင့် သီးသီးဆွေးနွေးခဲ့ကြ​ပြီး​ ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို ခေါင်းစဥ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက အဆိုပါစကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြ​​သည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)