တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို "စာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးပွဲတော်"ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

ကော့သောင်း   ဇန်နဝါရီ  ၁၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ "စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပရာ အဆိုပါအခမ်း အနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ သယံဇာတ ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး၊ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများ၊ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်သည်။

 ဦးစွာ အထက(၁) ကျောင်းသား/သူလေးများကပညာဘဏ်တိုက်စာကြည့်တိုက်"သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက   " ကျောင်းသား/သူ လူငယ်များ စာကြည့်တိုက်များကိုအသုံးချ၍ စာဖတ်သည့် အလေ့အထနှင့် စာဖတ်ရှိန်တိုးတက်‌ရေးကို ပိုမိုအာရုံစိုက်‌လာ‌စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အနာဂတ်ကိုဦးဆောင်မည့်လူငယ်များကို စာသင် ကျောင်းမှ မွေးထုတ်ပေးသည့်အတွက် စာသင်ကျောင်းများကို အဓိကထား၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲများအား ဆောင်ရွက်ရ ခြင်းဖြစ် ပါကြောင်း၊ စာကြည့်တိုက်များတွင် သိသင့်သိထိုက်သည့် နယ်ပယ်စုံမှစာအုပ်၊ စာပေများထားရှိရန်၊ အရွယ်သုံးပါးမရွေး စာဖတ်နိုင်အောင် ပြည့်စုံကောင်းမွန်သည့် စာအုပ်များထားရှိရန် လိုအပ်ကြောင်း၊ ကျောင်းသား/သူများအား စာကြည့်တိုက်များသို့ သွားလာချင်အောင် စာပေဖတ်ရှုသည့်အလေ့အထကို ငယ်စဉ်မှစတင်ပျိုးထောင်၍  မိဘများ ကအား ပေးရန်လိုအပ်သလိုကျောင်း၌လည်းစာပေဖတ်ရှု လေ့လာရန်အခွင့်အလမ်း ကောင်းများဖန်တီးပေးထားရန် လိုအပ်ကြောင်း၊ ကျောင်းသား ကျောင်းသူတိုင်း စာဖတ်သူများဖြစ် လာစေရန် စာအုပ်စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုး‌ကျေးဇူးများကို  ကျောင်းသားကျောင်းသူများ သိရှိနားလည်ရန် ဆရာ၊ဆရာမများကရှင်းလင်းပြောကြား၍ အားပေးတိုက်တွန်းကြရန်လိုအပ်ကြောင်း၊ “ပညာဘဏ်တိုက် စာကြည့်တိုက်” ဟူ၍ အဆိုရှိသည်နှင့်အညီ စာကြည့်တိုက်များကို အသိပညာ၊အတတ်ပညာဟူသော အဖိုးထိုက်၊ အဖိုးတန်ဘဏ္ဍာများ သိုလှောင်သိမ်းဆည်းရာ  ဘဏ်တိုက်များအဖြစ်တင်စားထားခြင်း ဖြစ်ကြောင်း၊ စာဖတ်သူက စာမဖတ်သူထက် လောကကိုပို၍ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင် နိုင်သူ၊အမှားအမှန်၊ အကျိုးအပြစ်တို့ကိုဆင်ခြင်ဉာဏ်ဖြင့်ခွဲ ခြားသိမြင်နိုင်သူ တို့ဖြစ်လာကြောင်း၊ ကျောင်းသင်ပညာရပ်များသာမက စာပေဖတ်ရှုခြင်းမှ ရရှိလာသည့် ဗဟုသုတအ သိတရားများနှင့်ပါ ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို စာပေဖတ်ရှု သည့် အလေ့အကျင့်များ  ဖြင့် ပြုစုပျိုးထောင်ကြရန်လိုအပ်ကြောင်း" အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က လူငယ်စာပေဆွေးနွေးပွဲတွင် ဦးဆောင် ဆွေးနွေး ပေးသူနှင့်ပါဝင် ဆွေးနွေးပေးသော စာပေချစ်သူအဖွဲ့(၂)ဦး၊ ကျောင်းသား/သူ (၃)ဦးအားဂုဏ်ပြုဆုနှင့်အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲ တွင် ဆုရရှိသော ကျောင်းသား/သူ (၅)ဦးအား ဆုချီးမြှင့်ကာ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူ (၅) ဦးအား ဆုချီးမြှင့်သည်။

ဆက်လက်၍ စစ်ဗျူဟာအဖွဲ့(အခြေချ) ကော့သောင်းမှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီး အောင်ကိုလတ်က အလယ်တန်း စာဖတ်စွမ်းရည်ပြိုင်ပွဲမှ ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးဆရာကြီး ဦးဝင်းနောင်ကအလယ်တန်းအဆင့်စာစီ စာကုံးပြိုင်ပွဲမှ ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတိုင်းဦးစီးမှူးဒေါ်ယဉ်ယဉ်နုက အလယ်တန်းအဆင့်ပုံပြင်ပြော ပြိုင်ပွဲမှဆုရရှိသူများအားလည်းကောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးရဲမြတ်တင့်က  မူလတန်း အဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲမှ ဆုရရှိသူများအား ဂုဏ်ပြုဆုများအသီးသီး‌ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍အလယ်တန်း အဆင့်ပုံပြင်ပြောပြိုင်ပွဲတွင်ပထမဆုရရှိသော အလက(ခွဲ) အေးရိပ်ငြိမ်(၁)မှကျောင်းသူ‌လေးက ဆုရပြိုင်ပွဲဝင်ခေါင်းစဉ်ဖြင့် ပြန်လည်၍သရုပ်ပြပြီး အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများက "အမျိုးသား စာပေယဉ်ကျေးမှုအမွေ "သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)