ကော့သောင်း ဇန်နဝါရီ ၁၇
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ကျောင်းသူများစာ အုပ်စာပေ လေ့လာ ဖတ်ရှုနိုင်ရန်၊ စာပေလေ့ လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတ များကို ပြန်လည်မျှဝေအသုံးချနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်း စေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်အခြေခံပညာဦးစီး ဌာနတို့ပူးပေါင်းကျင်းပသော "စာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" ကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
အဆိုပါ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတရေးရာ ဝန်ကြီး ဦးခင်မောင်မြင့်၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)ကော့သောင်းမှစစ်ဗျူဟာ မှူးဗိုလ်မှူးကြီး အောင်ကိုလတ်၊ တိုင်းဒေသကြီး ပညာရေးမှူးဦးဝင်းနောင်နှင့်တိုင်း ဒေသကြီးပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတိုင်းဦးစီးမှူးဒေါ်ယဉ်ယဉ်နုတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် အထက (၁) ကျောင်းသား/သူလေးများက "အလှပန်းများပွင့် ကြမည်"အဖွင့်သီ ချင်းဖြင့် သီဆိုဖျော်ဖြေ၍ အထက (၁) ကျောင်းနှင့် အထက (ခွဲ) အလက(၂)ကျောင်း ဘင် ခရာတပ်ဖွဲ့တို့မှ ဘင်ခရာစွမ်းရည်ပြသသည်။ယင်းနောက်အထက(၁)ကျောင်း သား/သူလေး များက မြန်မာ့သိုင်းသရုပ်ဖော်၊ "အနာ ဂတ်ကမ္ဘာမြေဖွံ့ဖြိုးစေ" တေးသီချင်းများဖြင့်ဖျော် ဖြေခဲ့သည်။ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများချီးမြှင့်သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက "စာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်"အတွင်း ခင်းကျင်း ပြသထားသည့်စာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ပြပွဲ၊ပြခန်းများ၊ အထက်တန်းအဆင့်ကျ ပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းအဆင့် နှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အားကစားအနေဖြင့် ခါးကွင်းလှည့်ကစားနည်း၊ ဂုန်နီအိတ်စွတ်ပြေး ကစားနည်း၊ စကားပုံဆက်ကစားနည်း၊ အာလူးကောက်ကစားနည်း၊ ခွက်နင်းကစားနည်းများ ဆောင် ရွက်နေမှုများအားလှည့် လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်တာဝန်ရှိသူများကပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ကျောင်းသုံးဗလာစာအုပ်များဖြင့် ဂုဏ်ပြုလက် ဆောင်များပေး အပ်သည်။
အဆိုပါစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ တော်တွင် ကော့သောင်းမြို့နယ်အတွင်းမှ အခြေခံ ပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများပျော် ပျော်ရွှင်ရွှင်ပါဝင် ဆင်နွှဲကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)