ကော့သောင်း ဇန်နဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုသည် သယံဇာတရေးရာဝန်ကြီး၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံသို့ ယနေ့မွန်း လွဲပိုင်းက သွားရောက်၍ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးဆောင် ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုသည်။
ထိုသို့သွားရောက် ကြည့်ရှုရာတွင် ဝန်ကြီးချုပ်က ကော့သောင်းပြည်သူ့ဆေးရုံအတွင်း ကျောက်ကပ် သန့်စင်ဌာန ဖွင့်လှစ်နိုင်ရေးအတွက် ကျောက်ကပ်သန့်စင်စက် ထားရှိမှုနှင့်ကြို တင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများ လိုက်လံကြည့်ရှုပြီး ကျောက်ကပ်ဝေဒနာရှင်များ အဆင်ပြေချောမွေ့စွာ စစ်ဆေးကုသမှု ခံယူနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အ နေဖြင့် လိုအပ်သည်များပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျောက်ကပ်ဌာနတွင် တာဝန်ထမ်းဆောင် မည့်သူနာပြုများအား သင်တန်းပို့ချပေးနိုင်ရေး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းပြောကြားသည်။ ယင်းနောက် မျက်စိကုသဆောင်တွင် မျက်စိဝေဒနာရှင်များအား အဆင်ပြေချောမွေ့စွာ ခွဲစိတ်ကုသမှုဆောင်ရွက်နိုင်ရန် စက်ပစ္စည်းစုံလင်စွာ ထားရှိနိုင်ရေး ဆောင်ရွက်ပြီး၊ ကျန်းမာရေးကဏ္ဍအလိုက် ပြည်သူများအား လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအလေးထား ဆောင်ရွက်သွားကြရန်မှာ ကြားခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)