ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ အ-မ-က(အုန်းတောကြီး) ကျောင်းသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ရွှေသောင်ယံ ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိူင်၊ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ရီရီလွင်နှင့်ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲ (၁) နာရီက အမှတ်(၃)ရပ်ကွက် အ-မ-က(အုန်းတောကြီး)စာသင်ကျောင်းသို့ နယ်လှည့်ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံကာ စာဖတ်ရှိန်​​မြှင့်တင်ရေးဟောပြောပွဲ ဆောင်ရွက်  ရာတွင် ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုသည့် အလေ့အထများရရှိစေရန်နှင့် ရည်မှန်းချက်ထားရှိပြီး ဖတ်မှတ်လေ့လာမှသာဘဝတိုးတက်မည်ဖြစ်ကြောင်း ပုံပြင်ဥပမာများဖြင့် ဟောပြောပေးခဲ့ပြီး၊ နံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်စာစောင်များ ငှားရမ်းခြင်းတို့ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးမှ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားရေးတွင် အထောက်အကူဖြစ်စေမည့် ဗဟုသုတများ၊ အတွေးအခေါ်များကို ကျောင်းသား၊ ကျောင်းသူများ နားလည်လွယ်​နိုင်မည့်ဥပမာများဖြင့် ဟောပြောပေးခဲ့သည်။

ထို့နောက် နံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်စာစောင်များငှါးရမ်းပေးခြင်းတို့ဆောင်ရွက်ရာ ကျောင်းသား၊ကျောင်းသူများမှ နံရံကပ်စာ​စောင်များကို ကြည့်ရှုလေ့လာကြပြီး ငှားရမ်းပေးသော စာအုပ်စာစောင်များကိုလည်း စိတ်ဝင်တစားဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ကိုကိုမောင်