ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာမြို့မဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ပခုက္ကူ ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာမြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ဇန်နဝါရီလ ၁၇ ရက်နံနက် ၈ နာရီခွဲအချိန်က လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ဒုတိယဗိုလ်မှူးကြီး ကျော်ဇေလတ်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စိုးဝင်းနှင့်ဝန်ထမ်းများ၊ ဈေးကော်မတီ အဖွဲ့ဝင်များ၊ ဈေးသူ၊ဈေးသားများတက်ရောက်ကြပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်လေးစီး၊ မီးသတ်ရေသယ်ယာဉ်နှစ်စီး၊ စည်ပင် ရေသယ်ယာဉ်တစ်စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီးတို့ဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးသတ်ဆေးဘူးများအသုံးပြု၍ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)