လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်ရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်၀န်ကြီးများမှ မဲရုံများသို့ ကွင်းဆင်းကြည့်ရှု

လှိုင်သာယာ(အရှေ့ပိုင်း) ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်တွင် ရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် ယမန်နေ့နေ့လယ် (၁) နာရီ၌ အမှတ် (၅) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်အတွင်းရှိ ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၄)၊ အမှတ် (၁) နှင့် အခြေခံ ပညာမူလွန်တန်းအမှတ် (၁၉) စာသင်ကျောင်းများရှိ မဲရုံများသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တာ၀န်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ အင်းစိန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထွန်းဇော်၊ အင်းစိန်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးမြတ်စိုး၊ အင်းစိန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ အမှတ်(၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇွန်ကိုကိုနှင့်အဖွဲ့ဝင်များ၊ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်နှင့်အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့မှ မဲရုံများအား လာရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)