ကရသူရိ ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့်စာအုပ်/စာစောင်များ ခင်းကျင်းပြသခြင်းကို ဇန်နဝါရီ ၁၉ရက် နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့ဦးစီးမှူးက ဖေဖော်ဝါရီ (၁၂)ရက်သည် မြန်မာတစ်မျိုးသားလုံး၏ နေ့ထူးနေ့မြတ်ဖြစ်သည့် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ မြန်မာ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိများအကြောင်း၊ ကျောင်းသား/ကျောင်းသူများ ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်များ၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလနှင့်မိတ္တဗလများရှိရန်လိုအပ်ကြောင်းစသည်တို့ကို ဟောပြောသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ၊ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် မိန့်ခွန်းကောက်နုတ်ချက်များ၊ နံရံကပ်စာစောင်များ၊ စာအုပ်/ စာအုပ်စောင်များနှင့် အသိပညာပေးနံရံကပ်ဘုတ်များပြသရာ ကျောင်းသား/ သူများက လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)