ကရသူရိမြို့၊ ကလေးစာဖတ်ခန်း၌ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ထက်မြက်ရေး စာဖတ်ခြင်း ဆောင်ရွက်

ကရသူရိ ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ထက်မြက်ရေး  စာဖတ်ခြင်းကို  ဇန်နဝါရီလ ၁၉ ရက်၊ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်သည်။

ကျောင်းသား/ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားရေး၊ ဦးနှောက်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး၊ စာအုပ်/စာပေမှပေးသော အသိပညာ/ အတတ်ပညာများ ရရှိရေး၊ စာအုပ်/စာပေ ချစ်မြတ်ရေးနှင့် စာဖတ်အားကောင်းမွန်စေရေး၊ စာပေဝါသနာရှင်များ ထွန်းကားရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက တစ်ဦးချင်းဖတ်ရှုခြင်း၊ စုပေါင်းဖတ်ရှုခြင်း၊ စာပေဖတ်ရှုရန်နည်းလမ်းများ၊ မိမိစိတ်ဝင်စားရာ စာပေဖတ်ရှုခြင်းတို့ကို လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)