မက်မန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းမွမ်းမံ သင်တန်းဖွင့်လှစ်

မက်မန်း ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၊  တတိယပိုင်း(အပိုင်း-၃)တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းမွမ်းမံသင်တန်းဖွင့်လှစ်ခြင်းကို ဇန်နဝါရီလ (၁၇) ရက်နေ့က မင်းရန်အောင်ခန်းမတွင် ကျင်းပခဲ့သည်။  

သင်တန်းတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က အမှာစကား ပြောကြာပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးပြည့်ဖြိုးအောင်က မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM များသုံးစွဲနည်း၊ ရွေးကောက်ပွဲနေ့တွင်သုံးစွဲရမည့်ပုံစံများ ဖြည့်သွင်းနည်းနှင့် မဲရုံခင်းကျင်းရမည့်ပုံစံများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ၁၇.၁.၂၀၂၆ မှ ၁၈.၁.၂၀၂၆ ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိရာ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို  နည်းပညာကျွမ်းကျင် ပညာရှင် (၂) ဦးတို့က မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့်အတူ လက်တွေ့ဆောင်ရွက်နေမှုကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးကျော်မြင့်လှိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ ဥက္ကဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် များက ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM များ ထိန်းသိမ်းသည့်အခန်းတွင် နည်းပညာအထောက်အကူပြုအဖွဲ့များမှ စက်တစ်လုံးချင်းစီ စနစ်တကျစစ်ဆေးဆောင်ရွက်နေမှုကို တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)