ကရသူရိမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကရသူရိ ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကရသူရိမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဟောပြောခြင်းကို   ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ဖေဖော်ဝါရီ လ(၁၂)ရက်နေ့သည် မြန်မာတစ်မျိုးသားလုံး၏ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့၊ နေ့ထူး/နေ့မြတ်တစ်ရက်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိများအကြောင်း၊ ကျောင်းသား/ကျောင်းသူများ ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်များ၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလနှင့် မိတ္တဗလများ ရှိရန်လိုအပ်ကြောင်း  စသည်တို့ကို ဟောပြောသည်။

ထို့နောက် အသိပညာ ဗဟုသုတရရှိရေး မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိများအကြောင်း၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် မိန့်ခွန်းကောက်နုတ်ချက်များ၊ နံရံကပ်စာစောင်များ၊ စာအုပ်/စာအုပ်စောင်များနှင့် အသိပညာပေး နံရံကပ်ဘုတ်များ ပြသရာ ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)