(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုအသက်(၂၅)နှစ်အောက်အမျိုးသား ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ကျောင်းကုန်း ဇန်နဝါရီ ၁၉

၂၀၂၆ခုနှစ် ကျောင်းကုန်းမြို့နယ်အား ကစားနှင့်ကာယပညာကော်မတီမှ ကျင်းပပြုလုပ်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅) နှစ်အောက် ရပ်ကွက်/တိုက်နယ် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့မ အားကစားကွင်း၌ ယမန်နေ့မွန်းလွဲ ၂း၃၀ နာရီအ ချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ အလေးပြုခံစင်မြင့်တွင် နေရာယူပြီး၊စစ်ကြောင်းမှူးမှ ဦးဆောင်၍ဘောလုံးအားကစားသမားများကအလေးပြုခဲ့ ကြသည်။ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကိုကိုဦးကနိုင်ငံတော် မူဝါဒဖြစ်တဲ့" တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရမည်"ဆိုသောဆောင်ပုဒ်နှင့်အညီ မြို့နယ်အ တွင်းမှာရှိလူငယ်လူရွယ်များ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည် ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

  ထို့နောက် စစ်ကြောင်းမှူးမှဦးဆောင်၍ ဘောလုံးအားကစားသမားများက သစ္စာအဓိဋ္ဌာန် (၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြပြီး၊ ကွင်းအတွင်းမှပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ "ဘဝရှေ့ဆောင်"နှင့် "မြတ်ပညာတံခွန်" ကိုယ်ပိုင် ကျောင်းများမှ ကျောင်းသား/သူ‌လေးများက Fitness Dance အကဖြင့်ကပြဖျော်ဖြေခဲ့ကြပြီး၊ ကွင်းဖွင့်ပွဲအပြီးတွင် တိုက်နယ်(၈)ဘော လုံးအသင်းနှင့် ရပ်ကွက်(၅)ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရပ်ကွက်(၅)အသင်းက လေးဂိုးတစ်ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသင်း(၁၃)သင်းအား အုပ်စု(၃)ခုခွဲကာ ပတ်လည်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၂၀၂၆ ခုနှစ်(၇၉)နှစ်မြောက် ပြည် ထောင်စုနေ့တွင် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး၊ ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း ပြိုင်ပွဲဦးစီးကျင်းပရေးကော် မတီထံက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)