ဖားကန့် ဇန်နဝါရီ ၁၉
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အနေဖြင့် ကျင်းပမည့်နေ့တွင် မဲရုံသို့ မလာရောက်နိုင်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ(၁၆) ရက်နံနက်ပိုင်မှစတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးအခန်းမ၌ ကျင်းပသည်။
ဦးစွာ ကြိုတင်ဆန္ဒမဲများမပေးမီ မဲပုံများစစ်ဆေးခြင်းနှင့် လုံခြုံရေးကြိုးများတပ်ဆင်းခြင်းကို ရပ်ကွက်အလိုက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ဆောင်ရွက်ကြပြီးနောက် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲကို အနာကြီးရောဂါစွဲကပ်သူများ၊ ရောဂါဝေဒနာပြင်ထန်စွာခံစားနေရသူများ၊ အိုးမင်းမစွမ်းသူများ၊ သားဖွားသူများ၊ ရဲစခန်း(သိုမဟုတ်) အကျဉ်းစခန်းတွင်အချုပ်ခံရသူများ၊ ဆေးရုံး၌ အတွင်းလူနာအဖြစ်ဆေးဝါကုသခံနေရသူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သား (သို့မဟုတ်)ရဲတပ်ဖွဲ့ဝင် တစ်ဦးသည်မဲစာရင်းပါရှိရာ ဒေသမှကျော်လွန်၍ ယာယီတာဝန်သွားရောက် ထမ်းဆောင်နေရသူများဖြစ်ပါကဇန်နဝါရီလ (၁၅)ရက်မှ (၂၃)ရက်အထိ သက်ဆိုင်ရာရပ်ကွက် ကော်မရှင် အဖွဲ့ခွဲများတွင် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်