ဇလွန် ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဇလွန်မြို့နယ်တွင်(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဇလွန်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရှိ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် Pan Myat Hsu Co.,Ltd မှတာဝန်ယူဆောင်ရွက်သော “ပဆင - ညောင်ပင်စျေး - ကြပ်ကြီး - သရက်တပင် - ညောင်ကုန်းလမ်း” ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ “ပဆင - ညောင်ပင်စျေး - ကြပ်ကြီး - သရက်တပင် - ညောင်ကုန်းလမ်း” ကွန်ကရစ်လမ်းသစ်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများအား ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များပေးအပ်၍ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရူ့ စစ်ဆေးခဲ့ကြသည်။ ကွန်ကရစ်လမ်းသစ်သည်အရှည်(၀/၃.၅)မိုင်၊ အကျယ်(၁၂)ပေ၊ ထု(၇) လက်မရှိပြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၀၆.၄၇)သန်းဖြင့် Pan Myat HsuCo.,Ltdမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)