ရွှေသောင်ယံမြို့ အ-ထ-က(အုန်းချောင်း)တွင် လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေသောင်ယံ ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွေသောင်ယံမြို့၊ အ-ထ-က(အုန်းချောင်း)တွင် ယနေ့နံနက်(၉)နာရီအချိန်က အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်အသိပညာပေးဟောပြောပွဲကို ပြုလုပ်ရာ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ရီရီလွင်နှင့် ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ခဲ့သည်။

အဆိုပါလူငယ်အသိပညာပေးဟောပြောပွဲတွင် အ-ထ-က(အုန်းချောင်း)ရှိ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံစေမည့် နိုင်ငံ့သားကောင်းလူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ဟောပြောခြင်းဖြစ်ပြီး ဗလငါးတန်အကြောင်း၊ စာအုပ်စာပေများ ဖတ်ရှုရာမှရရှိလာသည့် အကျိုးကျေးဇူးများအကြောင်းတို့ကို ဟောပြောပေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများအား ပြင်ပဗဟုသုတနှင့်သက်ဆိုင်သည့် လူကုန်ကူးမှုအကြောင်း ဗီနိုင်းပိုစတာများအားပြသခြင်း၊ စာအုပ်စာစောင်များအား ခင်ကျင်းပြသခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။

ကိုကိုမောင်

ရွှေသောင်ယံ(ပြန်/ဆက်)