ညောင်တုန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ စစ်ဆေးခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်

ညောင်တုန်း ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ စစ်ဆေးခြင်းနှင့် INSTALLATION လုပ်ငန်းများဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်(၈)နာရီ အချိန်က အမှတ်(၃)ရပ်ကွက်၊ မြို့တော်ခန်း၌ ဆောင်ရွက်သည်။

မြန်မာအီလက်ထရောနစ်မဲပေးစက်များ စစ်ဆေးခြင်းနှင့် (INSTALLATION) လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် နည်းပညာ အထောက်အကူပြုဖွဲ့(၇၅)ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)တပ်ဆင်ခြင်း၊ လွှတ်တော်အလိုက် မဲပေးစက်အတွင်း SD ကဒ်များ ထည့်သွင်းခြင်း၊ စတေကာတပ်ဆင်ခြင်းများကို နည်းစနစ်တကျ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၅၄)အုပ်စုတို့တွင် မဲရုံ(၂၀၂)ရုံရှိပြီး မဲဆန္ဒရှင်စုစုပေါင်း (၁၅၈၄၅၁)ရှိကြောင်း မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

မြို့နယ်(ပြန်ဆက်)