အိမ်မဲမြို့နယ် အ-လ-ကရှမ်းကွင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

အိမ်မဲ ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လှည်းဆိပ်တူးမြောင်းကျေးရွာ၊ အ-လ-က ရှမ်းကွင်းကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ဇန်နဝါရီလ (၁၅)ရက် နေ့မွန်းလွဲ (၁)နာရီ အချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ကာ လူငယ်နှင့်ရည်မှန်းချက်၊ စာပေဖတ်ရှု ခြင်း၏အကျိုး၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ အားကစားနှင့်ကာယပညာဦးစီး ဌာန မှ အားကစားမှူး ဒေါ်စုမြတ်သဲက လူငယ်နှင့်အားကစား၊ အားကစားနည်း(၄)မျိုး၊ လူငယ်နှင့်ကျန်းမာကြံ့ခိုင်ရေးအကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ဆက်လက်ပြီးလူကုန်ကူးမှုအန္တရာယ်အကြောင်း လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်စုမြတ်သဲတို့နှင့်အတူ အဆိုပါကျောင်းမှ Grade-8 ကျောင်းသား/သူများဖြစ်ကြသော စဟဲဗီးဟိန်း၊ စဆန်းသစ်ဦး၊ နန့်ဖြူဇာသင်း၊ နန့်နိုင်နိုင်ဝင်းတို့က ဦးဆောင်ဆွေးနွေးကြပြီး သိရှိလိုသူများကို တက်ရောက်လာသော ကျောင်းသား/ သူများက မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အဆိုပါကျောင်းအတွက် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်၊ သုတ၊ ရသ ရရှိစေမည် စာအုပ်စာစောင်များကိုပြသပေးခဲ့ကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)