ဒလ ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေးမဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား ယနေ့နံနက် (၁၀) နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထိုသို့ မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး မဲရုံ (၈၈) ရုံရှိကြောင်း သိရှိရသည်။ အဆိုပါမဲရုံများ၏ လျာထားသည့် လူဦးရေနှင့် ဝင်ဆံ့နိုင်မှု ရှိ၊ မရှိ၊ မဲဆန္ဒရှင်များ မဲပေးရာတွင် အချိန်နှောင့်နှေးမှုမရှိစေရန်၊ မဲရုံသန့်ရှင်းရေး၊ လုံခြုံမှု ရှိ၊ မရှိ၊ လျှပ်စစ်မီးရရှိရေး အစရှိသည့် မဲရုံးများကြိုတင်ပြင်ဆင်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကွင်းဆင်းကြည့်ရှုခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိသည်။
ရဲရင်သူ (ပြန်/ဆက်)