ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျေးရွာခြင်းဆက်လမ်းသစ် တက်ရောက်ဖွင့်လှစ်

ဇလွန် ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် အုပ်ရှစ်ကွင်းကျေးရွာအုပ်စု ရွာသစ်ကုန်း - အနောက်ဇင်ပြွန်းကုန်းကျေးရွာ ကျေးရွာချင်းဆက်လမ်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်တွင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

အုပ်ရှစ်ကွင်းကျေးရွာအုပ်စု ရွာသစ်ကုန်း - အနောက်ဇင်ပြွန်းကုန်းကျေးရွာ ကျေးရွာချင်းဆက်လမ်းဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ကျေးရွာခြင်းဆက်လမ်းအား လှည့်လည်ကြည့်ရူ့စစ်ဆေးခဲ့ကြသည်။

အုပ်ရှစ်ကွင်းကျေးရွာအုပ်စု ရွာသစ်ကုန်း - အနောက်ဇင်ပြွန်းကုန်းကျေးရွာ ကျေးရွာချင်းဆက်လမ်းသစ်သည် ဒေသဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေမှ (၁၅.၀၀)ကျပ်သန်း၊ ပြည်သူထည့်ဝင်ငွေ(၁.၉၆)ကျပ်သန်း စုစုပေါင်းရန်ပုံငွေ (၁၆.၉၆)ကျပ်သန်းဖြင့် အရှည်(၂၈၅၀)ပေ၊ အကျယ် (၁၀)ပေနှင့် ထု(၄)လက်မရှိပြီးကျေးရွာ (၂ )ရွာမှ အိမ်​​ခြေ(၁၇၀)နှင့် လူဦးရေ(၆၅၃)ဦးတို့အား အကျိုးပြုသောကျေးရွာခြင်းဆက် ချောင်းကျောက်လမ်းဖြစ်ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)