တောင်သာ ဇန်နဝါရီ ၁၉
တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါအခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်း၊ AI နည်းပညာကို ငယ်ရွယ်စဉ်အချိန်မှစ၍ လေ့လာသင့်ကြောင်း၊ နေ့ကြီးရက်ကြီးများနေ့ရောက်ရှိလာတိုင်း စာစီစာကုံးစာမေးပွဲဖြေရလေ့ ရှိရာတွင် မိမိ၏ စိတ်ကူးစိတ်သန်များကို တွေးတောကြံဆ၍ စနစ်တကျရေးသားနည်းများအကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်၏ အနာဂတ် လူငယ်လေးများဖြစ်ကြောင်း၊ လူငယ်များအသိပညာကြွယ်ဝစေဖို့အတွက် ယခုအချိန်မှစ၍ မိမိအသက်အရွယ်လိုက်၍ စာအုပ်များကို ရှာဖွေပြီး စာဖတ်သည့်အလေ့အထကို လေ့ကျင့်သွားရမည်ဖြစ်ကြောင်း ဟောပြောသည်။ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)