ငပုတောမြို့နယ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်း ဆောင်ရွက်

ငပုတော ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆေးဝါးအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများက ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းလုပ်ငန်းများအား မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးမင်းအောင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးပိုင်စိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ သတိပြုလိုက်နာရမည့် အချက်များကို အကြံပြုညွှန်ကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)