တောင်သာမြို့နယ်၌ မဲရုံပတ်ဝန်းကျင် မီးဘေးလုံခြုံစေရေး စစ်ဆေး

တောင်သာ ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့၌ မဲရုံပတ်ဝန်းကျင်နေအိမ်များ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်စွာ ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက တောင်သာမြို့ပေါ် ရပ်ကွက်အတွင်းရှိ မဲရုံပတ်ဝန်းကျင် အနီးနေအိမ်များတွင် မီးဘေးအန္တရာယ်မဖြစ်စေရေးအတွက် ဂရုစိုက်အသုံးပြုရေး မီးသတ်ဆေးဘူးများထားရှိရန်၊ လျှပ်စစ်မီးများ စနစ်တကျအသုံးပြုရေးစစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေး အကြံပြုချက်များကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)