မိုင်းတုံ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းတုံ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ ခရိုင်အစည်းအ‌ဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့ခင်းပိုင်း အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်း‌ကျော်က မြို့နယ်အဆင့်ဌာနဆိုင်ရာများကို ခေါ်ယူအစည်းအဝေးပြုလုပ်‌ရခြင်းသည် မိမိတို့လုပ်‌နေသည့်လုပ်ငန်းများအ‌ပေါ် ကြုံတွေ့ရသည့် အခက်အခဲများကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ပေးခြင်း၊ မိမိတို့ကြုံရသည့် အခက်အခဲများကို‌ ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်မှသာ လုပ်ငန်းတိုးတက်အောင်မြင်မှုရရှိခြင်း၊‌ မိမိတို့ကျန်းမာ‌‌ရေးကို လည်းအထူးဂရုစိုက်ရန်၊ မိမိတို့လုပ်ဆောင်နေသည့် လုပ်ငန်းကို အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်အောင် ဆောင်ရွက်သွားစေရန်၊ ရပ်ရွာလုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း ပူးပေါင်းဆောင်ရွက်ပြီး နယ်မြေလုံခြုံရေးအတွက် ဝိုင်းဝန်းဆောင် ရွက်ပေးကြရန်နှင့် မသင်္ကာဖွယ်သိရှိပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့ရန်၊ အဓိကသည် စိုက်ပျိုးရေး၊ လမ်း၊ သစ်တော၊ စည်ပင်ဌာနများအနေနဲ့ မိမိတို့ဆောင်ရွက်ထားရမဲ့ စာရင်းဇယားများ တိကျမှန်ကန်စွာတင်ပြသွားရန် စသည်တို့ကို ပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက လိုအပ်သည်များ ဖြည့်စွပ်ပြောကြားခြင်း၊ ဆက်လက်၍ တက်‌ရောက်လာသည့် ဌာနဆိုင်ရာများမှ မိမိတို့ဆောင်ရွက်နေမှုနှင့် ကြုံတွေ့ရသည့်အခက်အခဲများကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး  ခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်း‌ကျော်က ဆွေးနွေးမှုအပေါ် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မြို့နယ်၊ ပြန်/ဆက်)