ငပုတော ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပိုးကရင်၊ စကောကရင် တိုင်းရင်းသားစာပေ အရည်အသွေးမြှင့် စာမေးပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ကရင်စာပေနှင့် ယဉ်ကျေးမှူဦးစီးဌာန ညွှန်ကြားရေးမှူးက အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစောထူးနေမှိုင်းက စာမေးပွဲ ကျင်းပရေးရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပိုးကရင်၊ စကောကရင် တိုင်းရင်းသားစာပေ အရည်အသွေးမြှင့် စာမေးပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)