ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ဘိုကလေး ဇန်နဝါရီ ၁၉

လူငယ်များ ဗလငါးတန်အပါအဝင် ကဏ္ဍစုံဖွံ့ဖြိုးတက်ရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့ ဇန်နဝါရီ(၁၈)ရက် နေ့လယ်(၂)နာရီ အချိန်၌ လူငယ်စကားဝိုင်းကျင်းပဆောင်ရွက်သည်။

အဆိုပါ စကားဝိုင်းသို့ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် ဝန်ထမ်းများ၊ နယ်စပ်ဒေသလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ သင်တန်းသား/သူများ တက်ရောက်ကြပြီး စကားဝိုင်းမစတင်မီ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၏  ဦးဆောင်ဆွေးနွေးမှုများနှင့်အတူ သင်တန်းကျောင်း၏ သင်တန်းသား/သူ(၄)ဦးက လူငယ်နှင့် စာပေ၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာကြည့်တိုက် ခေါင်းစဉ်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် ဆွေးနွေးမှုများအပေါ် စကားဝိုင်းတက်ရောက်လာကြသော သင်တန်းသား/သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

စကားဝိုင်းအပြီး၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က သင်တန်းသား/သူများအား စာတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများ အသိပညာပေးဟောပြောခြင်း၊ ကဏ္ဍစုံ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘိုကလေး(ပြန်/ဆက်)