ငဖဲ ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ငဖဲမြို့အားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများက အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အစွမ်းကုန်ယှဉ်ပြိုင်ကစားသွားကြရန်နှင့် ချစ်ကြည်ရင်းနှီးစွာ ယှဉ်ပြိုင်ကစားသွားကြရန်၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ပြိုင်ပွဲကိုစတင်ဖွင့်လှစ်သည်။
ဘောလုံးပြိုင်ပွဲတွင် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများမှ အသက်(၁၇)နှစ်အောက် ဘောလုံးအသင်းစုစုပေါင်း ၈ သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အုပ်စုပတ်လည် ပွဲစဉ်များကို ဇန်နဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲအဖွင့်ပွဲစဉ်ကို ပဒါန်း(အ.ထ.က) အသင်းနှင့် ငဖဲ(အ.ထ.က) အသင်းတို့ ယှဉ်ပြိုင်ကစားရာ ပဒါန်းအသင်းက ငဖဲအသင်းကို ၃ ဂိုး ဂိုးမရှိ ဖြင့်အနိုင်ရရှိပြီး ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် ဘောလုံးအားကစားဝါသနာရှင် ပရိသတ်များအားပေး ကြည့်ရှုကြကြောင်း သိရသည်။
မယု(ငဖဲ)